အမေ
အမေရယ်
နွေဦးမှာဆို
နွေလေညှင်းလေး အဖြစ်နဲ့
သမီးကို အေးမြစေခဲ့တယ်
မိုးဦးမှာဆို
ထီးလေးတစ်လက်အဖြစ်နဲ့
သမီးကို အုပ်မိုးထားပေးခဲ့တယ်
ဆောင်းဦးရောက်လာပြန်တော့လည်း
ဆွယ်တာဖြူလေးတစ်ထည်အဖြစ်နဲ့
သမီးကို နွေးထွေးစေခဲ့တယ်
ဒါပေမဲ့လည်းလေ
တော်ရာမှာမနေရ ပျော်ရာမှာနေရတယ်ဆိုသလို
ကံတရားရဲ့စေစားရာကို လွန်ဆန်နိုင်ခွင့်မရှိတဲ့ဘ၀မှာ
အခုဆိုရင်
အမေနဲ့ဝေးခဲ့ရတာလည်း
ရာသီတစ်ခုတောင်ပြောင်းတော့မယ်ပေါ့
အမေ့ရဲ့စကားသံချိုတွေကို လွမ်းတယ်
အမေ့ရဲ့  အနမ်းတွေကိုလည်း လွမ်းတယ်
အမေ့ရဲ့ ထမင်းနဲ့ဟင်းတွေကို လည်းလွမ်းတယ်အမေရယ်
ဟိုတစ်ချိန်က
သမီးအိမ်ပြန်ရောက်ရင် သောက်ရေတစ်ခွက်နဲ့ကြိုနေရှာတဲ့အမေ
အခုတော့လည်းအမေရယ်
သမီးတစ်ယောက်ထဲ
ကြိုဆိုသူမဲ့နေတဲ့အခန်းငယ်လေးမှာ
အေးစက်စက် ထမင်းနဲ့ဟင်းကို စားနေရတာ
အမေ့ကို လွမ်းလိုက်တာလေ……………..
အခုဆိုရင်
အညာကအိမ်လေးမှာ
စံပယ်ပွင့်ဖြူလေးတွေလည်းဝေနေရောပေါ့
အမေနဲ့ ပြန်ဆုံမယ့်ရက်ကို လက်ချိုးရေတွက်နေခဲ့တာ
အချိန်တွေကလည်း ကုန်နိုင်ခဲလိုက်တာအမေရယ်
အမေတစ်ယောက်နေကောင်းပါစေလို့
သမီးရပ်ဝေးမြေကနေ
အမြဲဆုတောင်းနေပါတယ် အမေရယ် ။ ။
ကျောင်းသားဘဝ
ကျောင်းသားဘ၀မှာ
မုန့်ဖိုးများကို
ဟုတ်သလိုလို မဟုတ်သလိုလိုနှင့်
မိဘများထံမှ လှပစွာတောင်းသုံးခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစာများကို
လုပ်သလိုလို မလုပ်သလိုလိုနှင့်
စာမေးပွဲကြီးတွင် မှန်ကန်စွာဖြီးဖြန်းခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်ချိန်များကို
တတ်သလိုလို မတတ်သလိုလိုနှင့်
မုန့်ဆိုင်များသို့
တတ်ကြွစွာချီတတ်ခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်သောဆရာများကို
လေးစားသလိုလို မလေးစားသလိုလိုနှင့်
နောက်ဆုံးခုံမှာထိုင်ရင်း
ခိုးဝှက်ကာလေပေါခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစည်းကမ်းများကို
လိုက်နာသလိုလို မလိုက်နာသလိုလိုနှင့်
စည်းကမ်းထိန်းသိမ်းရေးများနှင့်တွေ့မှ
ခွေးပြေးဝက်ပြေး ပြေးရင်း
ကျောင်းနံရံများကို ကျော်လွှားခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ထိုတစ်ယောက်ကို
ကြိုက်သလိုလို မကြိုက်သလိုလိုနှင့်
ရည်းစားစာပေးမိရာမှ အတွဲလေးတွေဖြစ်ခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းလခများကို
သွင်းသလိုလို မသွင်းသလိုလိုနှင့်
Notice board မှာအကြွေး စာရင်းကပ်မှ
အပြေးအလွှားပိုက်ဆံချီးကာ ဆပ်ခဲ့ရတယ်။
ထို့နောက် ထို့နောက်………………
မကုန်နိုင်သော အမှတ်တရများစွာနှင့်
ကျောင်းသားဘ၀ကို
တို့တတွေ ဘယ်တော့မှမမေ့နိုင်ပဲ
လွမ်းနေရ ဦးမှာပါ……။ ။
(၂၀၀၇ ခုနှစ် မုံရွာကွန်ပျူတာ(တတိယနှစ်)မှ သူငယ်ချင်းများသို့ အမှတ်တရ)
တစ်ကိုယ်တော်မှတ်တမ်း
ကာရံမဲ့နေတဲ့ ရင်ခုန်သံတစ်စုံ
ဦးနှောက်ရဲ့ အမိန့်ကို နာခံဖို့
ပျော်ရွင်ဆဲ ၀ိဥာဉ်တစ်ခုကို စတေးခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ကွဲအက်တဲ့နှစ်လုံးသားကြားက စကားတစ်ခွန်းကို
အာလုံးတွေနားလည်မပေးနိုင်တဲ့တစ်နေ့
မြိုသိပ်သိုဝှက်ဖို့ကြိုးစားရင်း
မျက်ရည်အဖြစ် စီးမျောစေခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
သူစိမ်းတရံဆန်တဲ့စကားတွေနဲ့ ရက်စက်တတ်သူကိုမှ
အချစ်ဦးအဖြစ်ရည်စူးမိတဲ့
ငါ့ရဲ့ အပြုံးတစ်ရာကို
ရင်နာစွာနဲ့ မျက်နှာလွဲခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ေ၇ပြာ(19.6.09)
တနေ့နေ့တော့
အရိုးသားဆုံး အပြုံးမျိုးနဲ့
ပြုံးပြရုံမျိုးလောက်ပါရှင်ရယ်
ဒီအပြုံးရဲ့ ဆုလာဘ်ကတော့
လူတစ်ချို့တွေရဲ့ မျက်ဝန်းကပြစ်တင်ဝေဖန်သံတွေပဲပေါ့
မထင်မှတ်ပဲတိုက်ဆိုင်ခဲ့တဲ့
ရှင့်ရဲ့အမူအရာ အချို့ကိုလွမ်းနေပေမဲ့
အိပ်မက်မှာတောင် မပျော်ရဲတဲ့ဘ၀ပါ
အရင်ကအပြုံးတွေကို
အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းရင်း
အားလုံးတွေစိတ်ချမ်းသာဖို့ ကျွန်မကြိုးစားမယ်
တနေ့နေ့မှာတော့
ကျွန်မရဲ့ အရိုးသားဆုံးအပြုံးတွေကို
အားလုံးတွေနားလည် လာနိုင်ကြမယ်လို့
ကျွန်မမျှော်လင့်ပါတယ်။ ။
အမေ
အမေရယ်
နွေဦးမှာဆို
နွေလေညှင်းလေး အဖြစ်နဲ့
သမီးကို အေးမြစေခဲ့တယ်
မိုးဦးမှာဆို
ထီးလေးတစ်လက်အဖြစ်နဲ့
သမီးကို အုပ်မိုးထားပေးခဲ့တယ်
ဆောင်းဦးရောက်လာပြန်တော့လည်း
ဆွယ်တာဖြူလေးတစ်ထည်အဖြစ်နဲ့
သမီးကို နွေးထွေးစေခဲ့တယ်
ဒါပေမဲ့လည်းလေ
တော်ရာမှာမနေရ ပျော်ရာမှာနေရတယ်ဆိုသလို
ကံတရားရဲ့စေစားရာကို လွန်ဆန်နိုင်ခွင့်မရှိတဲ့ဘ၀မှာ
အခုဆိုရင်
အမေနဲ့ဝေးခဲ့ရတာလည်း
ရာသီတစ်ခုတောင်ပြောင်းတော့မယ်ပေါ့
အမေ့ရဲ့စကားသံချိုတွေကို လွမ်းတယ်
အမေ့ရဲ့  အနမ်းတွေကိုလည်း လွမ်းတယ်
အမေ့ရဲ့ ထမင်းနဲ့ဟင်းတွေကို လည်းလွမ်းတယ်အမေရယ်
ဟိုတစ်ချိန်က
သမီးအိမ်ပြန်ရောက်ရင် သောက်ရေတစ်ခွက်နဲ့ကြိုနေရှာတဲ့အမေ
အခုတော့လည်းအမေရယ်
သမီးတစ်ယောက်ထဲ
ကြိုဆိုသူမဲ့နေတဲ့အခန်းငယ်လေးမှာ
အေးစက်စက် ထမင်းနဲ့ဟင်းကို စားနေရတာ
အမေ့ကို လွမ်းလိုက်တာလေ……………..
အခုဆိုရင်
အညာကအိမ်လေးမှာ
စံပယ်ပွင့်ဖြူလေးတွေလည်းဝေနေရောပေါ့
အမေနဲ့ ပြန်ဆုံမယ့်ရက်ကို လက်ချိုးရေတွက်နေခဲ့တာ
အချိန်တွေကလည်း ကုန်နိုင်ခဲလိုက်တာအမေရယ်
အမေတစ်ယောက်နေကောင်းပါစေလို့
သမီးရပ်ဝေးမြေကနေ
အမြဲဆုတောင်းနေပါတယ် အမေရယ် ။ ။
ကျောင်းသားဘဝ
ကျောင်းသားဘ၀မှာ
မုန့်ဖိုးများကို
ဟုတ်သလိုလို မဟုတ်သလိုလိုနှင့်
မိဘများထံမှ လှပစွာတောင်းသုံးခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစာများကို
လုပ်သလိုလို မလုပ်သလိုလိုနှင့်
စာမေးပွဲကြီးတွင် မှန်ကန်စွာဖြီးဖြန်းခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်ချိန်များကို
တတ်သလိုလို မတတ်သလိုလိုနှင့်
မုန့်ဆိုင်များသို့
တတ်ကြွစွာချီတတ်ခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်သောဆရာများကို
လေးစားသလိုလို မလေးစားသလိုလိုနှင့်
နောက်ဆုံးခုံမှာထိုင်ရင်း
ခိုးဝှက်ကာလေပေါခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစည်းကမ်းများကို
လိုက်နာသလိုလို မလိုက်နာသလိုလိုနှင့်
စည်းကမ်းထိန်းသိမ်းရေးများနှင့်တွေ့မှ
ခွေးပြေးဝက်ပြေး ပြေးရင်း
ကျောင်းနံရံများကို ကျော်လွှားခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ထိုတစ်ယောက်ကို
ကြိုက်သလိုလို မကြိုက်သလိုလိုနှင့်
ရည်းစားစာပေးမိရာမှ အတွဲလေးတွေဖြစ်ခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းလခများကို
သွင်းသလိုလို မသွင်းသလိုလိုနှင့်
Notice board မှာအကြွေး စာရင်းကပ်မှ
အပြေးအလွှားပိုက်ဆံချီးကာ ဆပ်ခဲ့ရတယ်။
ထို့နောက် ထို့နောက်………………
မကုန်နိုင်သော အမှတ်တရများစွာနှင့်
ကျောင်းသားဘ၀ကို
တို့တတွေ ဘယ်တော့မှမမေ့နိုင်ပဲ
လွမ်းနေရ ဦးမှာပါ……။ ။
(၂၀၀၇ ခုနှစ် မုံရွာကွန်ပျူတာ(တတိယနှစ်)မှ သူငယ်ချင်းများသို့ အမှတ်တရ)
တစ်ကိုယ်တော်မှတ်တမ်း
ကာရံမဲ့နေတဲ့ ရင်ခုန်သံတစ်စုံ
ဦးနှောက်ရဲ့ အမိန့်ကို နာခံဖို့
ပျော်ရွင်ဆဲ ၀ိဥာဉ်တစ်ခုကို စတေးခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ကွဲအက်တဲ့နှစ်လုံးသားကြားက စကားတစ်ခွန်းကို
အာလုံးတွေနားလည်မပေးနိုင်တဲ့တစ်နေ့
မြိုသိပ်သိုဝှက်ဖို့ကြိုးစားရင်း
မျက်ရည်အဖြစ် စီးမျောစေခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
သူစိမ်းတရံဆန်တဲ့စကားတွေနဲ့ ရက်စက်တတ်သူကိုမှ
အချစ်ဦးအဖြစ်ရည်စူးမိတဲ့
ငါ့ရဲ့ အပြုံးတစ်ရာကို
ရင်နာစွာနဲ့ မျက်နှာလွဲခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ေ၇ပြာ(19.6.09)
တနေ့နေ့တော့
အရိုးသားဆုံး အပြုံးမျိုးနဲ့
ပြုံးပြရုံမျိုးလောက်ပါရှင်ရယ်
ဒီအပြုံးရဲ့ ဆုလာဘ်ကတော့
လူတစ်ချို့တွေရဲ့ မျက်ဝန်းကပြစ်တင်ဝေဖန်သံတွေပဲပေါ့
မထင်မှတ်ပဲတိုက်ဆိုင်ခဲ့တဲ့
ရှင့်ရဲ့အမူအရာ အချို့ကိုလွမ်းနေပေမဲ့
အိပ်မက်မှာတောင် မပျော်ရဲတဲ့ဘ၀ပါ
အရင်ကအပြုံးတွေကို
အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းရင်း
အားလုံးတွေစိတ်ချမ်းသာဖို့ ကျွန်မကြိုးစားမယ်
တနေ့နေ့မှာတော့
ကျွန်မရဲ့ အရိုးသားဆုံးအပြုံးတွေကို
အားလုံးတွေနားလည် လာနိုင်ကြမယ်လို့
ကျွန်မမျှော်လင့်ပါတယ်။ ။
အမေ
အမေရယ်
နွေဦးမှာဆို
နွေလေညှင်းလေး အဖြစ်နဲ့
သမီးကို အေးမြစေခဲ့တယ်
မိုးဦးမှာဆို
ထီးလေးတစ်လက်အဖြစ်နဲ့
သမီးကို အုပ်မိုးထားပေးခဲ့တယ်
ဆောင်းဦးရောက်လာပြန်တော့လည်း
ဆွယ်တာဖြူလေးတစ်ထည်အဖြစ်နဲ့
သမီးကို နွေးထွေးစေခဲ့တယ်
ဒါပေမဲ့လည်းလေ
တော်ရာမှာမနေရ ပျော်ရာမှာနေရတယ်ဆိုသလို
ကံတရားရဲ့စေစားရာကို လွန်ဆန်နိုင်ခွင့်မရှိတဲ့ဘ၀မှာ
အခုဆိုရင်
အမေနဲ့ဝေးခဲ့ရတာလည်း
ရာသီတစ်ခုတောင်ပြောင်းတော့မယ်ပေါ့
အမေ့ရဲ့စကားသံချိုတွေကို လွမ်းတယ်
အမေ့ရဲ့  အနမ်းတွေကိုလည်း လွမ်းတယ်
အမေ့ရဲ့ ထမင်းနဲ့ဟင်းတွေကို လည်းလွမ်းတယ်အမေရယ်
ဟိုတစ်ချိန်က
သမီးအိမ်ပြန်ရောက်ရင် သောက်ရေတစ်ခွက်နဲ့ကြိုနေရှာတဲ့အမေ
အခုတော့လည်းအမေရယ်
သမီးတစ်ယောက်ထဲ
ကြိုဆိုသူမဲ့နေတဲ့အခန်းငယ်လေးမှာ
အေးစက်စက် ထမင်းနဲ့ဟင်းကို စားနေရတာ
အမေ့ကို လွမ်းလိုက်တာလေ……………..
အခုဆိုရင်
အညာကအိမ်လေးမှာ
စံပယ်ပွင့်ဖြူလေးတွေလည်းဝေနေရောပေါ့
အမေနဲ့ ပြန်ဆုံမယ့်ရက်ကို လက်ချိုးရေတွက်နေခဲ့တာ
အချိန်တွေကလည်း ကုန်နိုင်ခဲလိုက်တာအမေရယ်
အမေတစ်ယောက်နေကောင်းပါစေလို့
သမီးရပ်ဝေးမြေကနေ
အမြဲဆုတောင်းနေပါတယ် အမေရယ် ။ ။
ကျောင်းသားဘဝ
ကျောင်းသားဘ၀မှာ
မုန့်ဖိုးများကို
ဟုတ်သလိုလို မဟုတ်သလိုလိုနှင့်
မိဘများထံမှ လှပစွာတောင်းသုံးခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစာများကို
လုပ်သလိုလို မလုပ်သလိုလိုနှင့်
စာမေးပွဲကြီးတွင် မှန်ကန်စွာဖြီးဖြန်းခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်ချိန်များကို
တတ်သလိုလို မတတ်သလိုလိုနှင့်
မုန့်ဆိုင်များသို့
တတ်ကြွစွာချီတတ်ခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
စာသင်သောဆရာများကို
လေးစားသလိုလို မလေးစားသလိုလိုနှင့်
နောက်ဆုံးခုံမှာထိုင်ရင်း
ခိုးဝှက်ကာလေပေါခဲ့ကြတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းစည်းကမ်းများကို
လိုက်နာသလိုလို မလိုက်နာသလိုလိုနှင့်
စည်းကမ်းထိန်းသိမ်းရေးများနှင့်တွေ့မှ
ခွေးပြေးဝက်ပြေး ပြေးရင်း
ကျောင်းနံရံများကို ကျော်လွှားခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ထိုတစ်ယောက်ကို
ကြိုက်သလိုလို မကြိုက်သလိုလိုနှင့်
ရည်းစားစာပေးမိရာမှ အတွဲလေးတွေဖြစ်ခဲ့ရတယ်။
ကျောင်းသားဘ၀မှာ
ကျောင်းလခများကို
သွင်းသလိုလို မသွင်းသလိုလိုနှင့်
Notice board မှာအကြွေး စာရင်းကပ်မှ
အပြေးအလွှားပိုက်ဆံချီးကာ ဆပ်ခဲ့ရတယ်။
ထို့နောက် ထို့နောက်………………
မကုန်နိုင်သော အမှတ်တရများစွာနှင့်
ကျောင်းသားဘ၀ကို
တို့တတွေ ဘယ်တော့မှမမေ့နိုင်ပဲ
လွမ်းနေရ ဦးမှာပါ……။ ။
(၂၀၀၇ ခုနှစ် မုံရွာကွန်ပျူတာ(တတိယနှစ်)မှ သူငယ်ချင်းများသို့ အမှတ်တရ)
တစ်ကိုယ်တော်မှတ်တမ်း
ကာရံမဲ့နေတဲ့ ရင်ခုန်သံတစ်စုံ
ဦးနှောက်ရဲ့ အမိန့်ကို နာခံဖို့
ပျော်ရွင်ဆဲ ၀ိဥာဉ်တစ်ခုကို စတေးခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ကွဲအက်တဲ့နှစ်လုံးသားကြားက စကားတစ်ခွန်းကို
အာလုံးတွေနားလည်မပေးနိုင်တဲ့တစ်နေ့
မြိုသိပ်သိုဝှက်ဖို့ကြိုးစားရင်း
မျက်ရည်အဖြစ် စီးမျောစေခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
သူစိမ်းတရံဆန်တဲ့စကားတွေနဲ့ ရက်စက်တတ်သူကိုမှ
အချစ်ဦးအဖြစ်ရည်စူးမိတဲ့
ငါ့ရဲ့ အပြုံးတစ်ရာကို
ရင်နာစွာနဲ့ မျက်နှာလွဲခဲ့ရတာ
ဘယ်သူသိနိုင်မှာလဲ။ ။
ေ၇ပြာ(19.6.09)
တနေ့နေ့တော့
အရိုးသားဆုံး အပြုံးမျိုးနဲ့
ပြုံးပြရုံမျိုးလောက်ပါရှင်ရယ်
ဒီအပြုံးရဲ့ ဆုလာဘ်ကတော့
လူတစ်ချို့တွေရဲ့ မျက်ဝန်းကပြစ်တင်ဝေဖန်သံတွေပဲပေါ့
မထင်မှတ်ပဲတိုက်ဆိုင်ခဲ့တဲ့
ရှင့်ရဲ့အမူအရာ အချို့ကိုလွမ်းနေပေမဲ့
အိပ်မက်မှာတောင် မပျော်ရဲတဲ့ဘ၀ပါ
အရင်ကအပြုံးတွေကို
အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းရင်း
အားလုံးတွေစိတ်ချမ်းသာဖို့ ကျွန်မကြိုးစားမယ်
တနေ့နေ့မှာတော့
ကျွန်မရဲ့ အရိုးသားဆုံးအပြုံးတွေကို
အားလုံးတွေနားလည် လာနိုင်ကြမယ်လို့
ကျွန်မမျှော်လင့်ပါတယ်။ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment