လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

လှေခုတ်ရွာ ဆိုတာ


လှေခုတ်ရွာအကြောင်းကို လေ့လာလိုပါသော ရွှေမြန်မာညီအစ်ကို၊မောင်နှမများ ခင်ဗျာ။ လှေခုတ်ရွာအကြောင်းကို အောက်ပါဖော်ပြထားသောစာပိုဒ်တွင် အသေးစိတ် လေ့လာနိုင် ပါသည်။ကျွန်တော့်blogလေးကို hlaykhote ဟုအမည်ပေးရခြင်းမှာ ကျွန်တော်တို့ရွာကလေးကိုဂုဏ်ပြုသောအားဖြင့်၊ ရွာကိုကိုယ်စားပြုပေးထားခြင်းဖြစ်ပါသည်...

ရွာကလေးရဲ့နာမည်ကတော့'လှေခုတ်'ဖြစ်ပါတယ်။ ကျွန်တော်တို့ရွာကလေးဟာဆိုရင်မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပခန်းကြီး၊ဆင်တဲ အုပ်စု လှေခုတ်ရွာဖြစ်ပါတယ်။ အဲ့ဒီစာပိုဒ်ထဲတွင် ရွှေခုတ်ရွာအကြောင်းတွင်သာမကရွာပတ်ဝန်း ကျင်တွင် ရှိသော ရွာကလေးများအကြောင်း မြန်မာနိုင်တွင် မရှိမဖြစ်လိုအပ်သော ‘ချင်းတွင်း`မြစ်ကလေးအကြောင်း မြန်မာနိုင်၏ အသက်သွေးကြောဖြစ်သော `ဧရာဝတီ`မြစ်ကြီးအကြောင်း စသည်ဖြင့် အကြောင်းစုံကိုလေ့လာနိုင်ပါသည်။

လှေခုတ်ရွာသည် အထက်အရပ်မှစီးဆင်းလာသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ် မြစ်ကြားတွင်တည်ရှိပါသည်။ထိုကြောင့် ရှေးစာဆိုရှင်များကဖွဲ့နွဲ့သီဆိုထားပါသည်။ ဖွဲ့ကျူးသီဆိုပုံမှာ `ချင်းတွင်းဧရာမြစ်နှစ်ဖျာ ရစ်ခါပတ်ဝိုင်း အလယ်ပိုင်း ရှု့တိုင်းသာယာ ရွှေခုတ်ရွာဟုတင်စားခေါ်ဝေါ်ကြပါသည်။

တောင်သို့တဖန် ကြည့်လိုက်ပြန်မူ ရေးရေးမြင်ရောင် ပုပ္ပါးတောင်နဲ့အနောက်သို့တဖန် ရှုလိုက်ပြန်မူ စိမ်းလန်းလဲ့ညို့မှောင် ရှင်မတောင်နှင့်ရစ်ခွေစီးဆင်း မြစ်ချင်းတွင်း မြေက်သို့တဖန်ကြည့်လိုက်ပြန်မူ စည်သူတပါး(မဏိစည်သူ)တည်ကာထားသည့် ပွင့်လင်းတည်ရာ(ရွှေပွင့်လင်းစေတီ)ရေယျားရွာ။

လှေခုတ်ရွာ၏အရှေ့ဘက်တစ်မိုင်ခွဲအကွာ တွင် ဧရာဝတီမြစ်ကြီးရှိပါသည်။ လှေခုတ်ရွာ၏ တည်ပုံအနေအထားဟာဆိုရင်စတုရန်းပုံသဏ္ဍန်ရှိပြီး အိမ်ခြေ ၆၀၀ခန့်ရှိပါသည်.. ရွာ၏အရှေ့ဖျားတွင် အနာဂတ်တိုင်းပြည်အတွက် ပညာနို့ချိုတိုက်ကြွေးနေသော အထက်တန်းကျောင်းတည်ရှိပါတယ်။ လှေခုတ်ရွာ၏အနောက်ဘက်၁မိုင်ခန့်အကွာတွင်ချင်း တွင်းမြစ်ကလေးရှိပါသည်။ ပထမဦးဆုံးလှေခုတ်ရွာအကြောင်းကို ကျွန်တော်ရေးသားဖော်ပြပေးပါမယ်။

လှေခုတ်ရွာဟာဆိုရင် အရမ်းကိုသာယာလှပါသော ရွာကလေးဖြစ်ပါတယ်။ လှေခုတ်ရွာမှာ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ဘုရားကျောင်းကန်စေတီပုထိုးများလည်း အလွန်ကိုပေါများပါ ပါတယ်။ ဘုန်တော်ကြီကျောင်း နှစ်ကျောင်းရှိပါတယ်။ ရွာဦးကျောင်းတွင်ထင်ရှားသော ဘုရား၏ဘွဲ့နာမည်မှာ လောကမှန်ခင်း ဖြစ်ပါတယ်။ ရွာလယ်ကျောင်းတွင်ရှိသော တန်ခိုးကြီးဘုရား၏ဘွဲ့နာမည်မှာ ရွှေဘုံသာမြတ်စွာဘုရားဖြစ်ပါတယ်...

လှေခုတ်ရွာလေးသည် နယုန်လမှစပြီး တော်သလင်းလအထိ ရေလေးတွေတဖွေးဖွေးနဲ့ အလွန်ပျော်၇ွှင်စရာကောင်းလှပါတယ်... အဲ့ဒီအချိန်တွင် တစ်အိမ်နှင့်တစ်အိမ်ကို အလည်သွားသောအခါတွင် လှေငယ်လေးတွေနဲ့သွားကြရပါတယ်။ ဘုန်းတော်ကြီးကျောင်းများတွင် အလွန်လှပခန့်ညားထည်ဝါလှသော စေတီပုထိုးများ၏ မှန်ရောင်တွေရွှေရောင်တွေ ကရေပြင်ပေါ်တွင် တလက်လက်နဲ့ဝင်းဝါနေလိုက်တာဗျာ...

နောက်ပြီးတော့ အင်မတန်ကျက်သရေရှိပြီး ခန့်ညားထည်ဝါလှသော ရွာ၏ ကျက်သရေဆောင်ဖြစ်သော၊ ရွာလည်ကျောင်းတိုက်တွင်ရှိသော အယူတော်မင်္ဂလာ မဟာဗြဟ္မာလှေတော်ကြီးနှင့် ရွာဦးကျောင်းတွင်ရှိသော သိကြားကိုမာဃတို့ဟာဆိုရင် ရွာ၏ကျက်သရေကိုဆောင်ယူတော်မူ နေပါတယ်ခင်ဗျာ..။

ရွာလည်ကျောင်းတွင်ရှိသော မဟာဗြဟ္မာကြီးဟာဆိုရင် လူဦးရေ ၄၅ ယောက်ခန့်စီးနိုင်ပါတယ်.... အဲ့ဒီလှေကြီးပေါ်ကို လှေခုတ်သားလှလှလေးတွေက လှေကိုလှော်ခတ် ကပြကြပါတယ်.... ရွာတွင်ရှိသော မိဘပြည်သူများကလည်း တခဲနက် အားပေးခဲ့ကြတာကတော့ ရေပြင်တွင်ညွှတ်ကြမတတ်ပါဘဲ.... ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် စကားအတိုင်း လှေခုတ်ရွာလေးဟာဆိုင်ရင် ရွှေပဝါကိုမြတင်ထားသည့်အလား သဏ္ဍန်တူလှပါတယ်ဗျာ.

လှေခုတ်ရွာရဲ့သာယာဖွယ်ကိုပြောပြရမယ် ဆိုလို့ကတော့ပြောလို့တောင်ဆုံးမှာ မဟုတ်ဘူးပေါ့နော်.. လှေခုတ်ရွာလေးမှာ နေထိုင်ကြသောသူများမှာလဲ နယုန်လကစလို့ တော်သင်းလအထိ နားထားသောခွန့်အားလေးတွေကို တော်သလင်းလကုန်တာနဲ့ စ၍လုပ်ငန်းခွင်ဝင် ကြပါတော့တယ်... လှေခုတ်ရွာလေးဟာဆိုရင် ကောက်ပဲသီနှံ များနှင့် ဆန်စပါးများလည်း ဆိုက်ပျိုးကြပါသည်..

1 comments:

သူငယ်ချင်းလေးရေ. သူငယ်ချင်းက လှေခုတ်ရွာသားလား
ငါက ..ငတမျှော်သားလေးပါ..ကွာ
မင်းနဲ့ငါနဲ့က..တစ်ကျောင်းတည်းထွက်တဲ့... ညီအစ်ကိုတွေပေါ့.. ငါကအခု မုံရွာနေတာလေ. သူငယ်ချင်း ခု မင်းနေတဲ့ နေရာက အဆင်ပြေတယ် မဟုတ်လား..