လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

အိမ်လွမ်းသူ


မျှော်လင့်ချက်တွေ ရင်မှာပိုက်
အားမာန်အပြည့် ခြေလှမ်းတွေနဲ့
အမိမြေကိုစွန့်ခွါ အဝေးတနေရာကို
ရောက်ခဲ့ပေမဲ့ အမြဲသတိရနေတာ
အမေ့အိမ်ပါ...........
တနေဝင် တမိုးချုပ်
အလုပ်နဲ့သာ အချိန်ကုန်ခဲ့ရ
ပျော်စရာဆိုတာ ဗလာနတ်ထိပါ
အိမ်ပြန်ချိန် မျှော်ကာမှန်းပေမဲ့
ရည်ရွယ်ရာ ချော်ကာလွဲနေတဲ့ ဘဝအတွက်
အားတင်းလို့သာ ခရီးဆက်ရအုံမယ်
ပြောပေးကြပါ သူငယ်ချင်းတို့ရယ်....
ကျွန်တော့အိမ်ပြန်ချိန်ဟာဘယ်တော့လဲ.........ဂျာာာာာာ

မောင်မောင်မူး

1 comments:

ဟိုနောက်က တယောက်က ...
သူများလင်မယားကြားမှာ ဘာသွားလုပ်နေတာလဲ... သူတို့ဟာသူတို့ နှစ်ဦး ကြည်နူးနေတဲ့ဟာကို ....