လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

ဗုဒ္ဓ သာသနာကို တကယ်ချစ်မြတ်နိုးရင်


ဗုဒ္ဓ ရှင်မြတ်
ဟောထားအပ်သော
ပိဋကတ်ကျမ်းစာ မညီရာတို့ကို
မျက်နှာထောက်ထား မသနားနှင့်
စာအား ငွေအား ဖြန့်ဝေအားဖြင့်
တပါးဆယ်ယောက် တစ်ယောက်ဆယ်ပါး
ပြန့်ပွားနှံ့စပ်
လူ့ရပ်မြေကုန်
ဝိုင်းအုံ ပထုတ်
ဇွဲခတ်လှုပ်၍
တောထုတ်ကြကုန်လော့

ဝါကျလေးတွေပါ

-The only bird that can fly backwards is the humming bird.
-နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသောငှက်မှာ “ငှက်ပိတုန်း” ဖြစ်သည်။

-The giant squid has the largest eyes in the world.
- ကမ္ဘာ့အကြီးဆုံးမျက်လုံးပိုင်ရှင်မှာ ဧရာမရေဘ၀ဲကောင်ဖြစ်သည်။

-An ostrich’s eye is bigger than its brain.
-ငှက်ကုလားအုတ်၏ မျက်လုံးသည် ၄င်း၏အုံးနှောက်ထက် ပို၍ကြီးမား၏။

-A rat can survive longer without water than a camel.
ကြွက်သည် ကုလားအုတ်ထက် ရေမရှိပဲ အချိန်ကြာမြှင့်စွာ အသက်ရှင်နိုင်သည်။

-A dolphin sleeps with one eye open.
-လင်းပိုင်သည် မျက်လုံးတစ်ဖက်ဖွင့်၍ အိပ်စက်သည်။

-A crocodile cannot stick its tongue out.
-မိချောင်းသည် ၄င်း၏ လျှာကိုအပြင်သို့မထုတ်နိုင်ပါ။

-A goldfish has a memory span of three seconds.
-ရွှေငါးတစ်ကောင်၏ မှတ်ဥာဏ်မှာ သုံးစက္ကန့်မျှသာကြာရှည်သည်။

-Camels will spit if they are annoyed.
-ကုလားအုတ်များသည် စိတ်အနှေက်အယှက်ပြုခံရလျှင် တံတွေးဖြင့် ထွေးတက်သည်။

-Only female mosquito bites.
-ခြင်အမများသာ ကိုက်တက်သည်။

-A mammal's blood is red, an insect's blood is yellow and a lobster's blood is blue.
-နို့တိုက်သတ္တ၀ါ၏သေသွေးသည် အနီရောင်၊ ပိုးမွှား၏သွေးသည် အ၀ါရောင်၊ ပုဇွန်တုပ်၏သွေးသည် အပြာရောင်အသီးသီးဖြစ်ကြသည်။

-Loud, fast music makes termites chew faster.
-ကျယ်လောင်ပြီး မြန်ဆောင်သောဂီတသံသည် ခြကောင်များအား အစားအစာကို ပိုမိုလျင်မြန်စွာ ၀ါးစားစေသည်။

-A blue whale's tongue weights more than an elephant.
-ဝေလငါးအပြာ၏လျှာသည် ဆင်ကြီးတစ်ကောင်ထက် ပို၍ လေးသည်။

-Bats always exit a cave to the left.
-လင်းနို့များ ဂူထဲမှ အပြင်သို့ထွက်လျှင် ၀ဲဘက်သို့ ပျံသန်းတက်ကြသည်။

-Tigers have striped skin, not just striped fur.
-ကျားများ၏သားမွေးများသာမက အရေခွံပါ အစင်းကျားများ ဖြစ်သည်။

-The heart of a giraffe weights more than 25 lb, and is 2 feet wide.
-သစ်ကုလားအုတ်၏ နှလုံသည် (၂၅) ပေါင် ကျော်လေးပြီး အကျယ် နှစ်ပေရှိသည်။

-Elephants are not afraid of mice.
-ဆင်များသည် ကြွက် ကိုမကြောက်ပါ။

-Camels have three eyelids to protect their eyes from blown sand.
-ကန္တာရအတွင်းရှိ သဲမှုန်များမှ ကာကွယ်ရန် ကုလားအုတ်များတွင် မျက်ခွံသုံးထပ်စီရှိကြသည်။

-Slugs have four noses.
-ပတ်ကျိတွင် နှာခေါင်းပေါက်လေးခုရှိသည်။

-Snakes are immune to their own venom.
-မြွေများသည် ၄င်းတို့၏ကိုယ်ပိုင်အဆိပ်ကို ခံနိုင်စွမ်းရှိသည်။

-The fastest bird is the peregrine falcon and can fly faster than 190 miles per hour.
-အမြန်ဆုံးပျံသန်းနိုင်သော ငှက် မှာ "ပယ်ရာဂရင်းန်" လင်းယုန်ငှက်ဖြစ်ပြီး တစ်နာရီလျှင် မိုင်(၁၉၀) နှုန်းမက ပျံသန်းနိုင်သည်။

-Mosquitoes are attached to the colour blue more than any other colour.
-ခြင်များသည် အခြားအရောင်များထက် အပြာရောင်၏ ဆွဲဆောင် ခြင်းကို ပို၍ခံရသည်။

-Cats cannot taste sweet things.
-ကြောင်များသည် ချိုသောအရသာကိုမခံစားနိုင်ပါ။

-The largest egg is laid by the ostrich and can be 8 inches in length and 6 inches in diameter.

-ကမ္ဘာ့အကြီးဆုံးဥမှာ ငှက်ကလားအုတ်၏ ဥဖြစ်ပြီး၊ အလျှား (၈) လက်မ၊ အချင်း (၆) လက်မရှိသည်။

ဝန်ခံချက်။ ။ကျွန်တော်လဲတတ်လို့ရေးသားထားခြင်မဟုတ်ပါ..လေ့လာထားသောစာအုပ်တွေဘလော့လေးတွေ
မှတဆင့်ကူးယူးရေးသား ဖြန့်ချီပေးခြင်းဖြစ်ပါတယ်ခင်ဗျာ... ရေသားတင်ဆက်သူ ဟိန်း

Grammer to writting

သင်န်းစာ(၁)


Letter and Word
A, B, C, D စတဲ့အက္ခရာတွေကို Letter လို့ ခေါ်တယ်။ အင်္ဂလိပ် အက္ခရာတွေဟာ အောက်ပါ အတိုင်း လေးမျိုးရှိပါတယ်။
1) CAPITAL LETTERS (PRINTED FORM)
ပုံနှိပ်စာလုံးကြီး ဥပမာ …. A, B, C, D, E, F,G, H, I, J, K, L, M, N,O, P, Q, R, S, T, U, V, W, X, Y, Z
2) SMALL LETTERS (PRINTED FORM)
ပုံနှိပ်စာလုံးသေး ဥပမာ …. a, b, c, d, e, f, g, h, i, j, k, l, m, n,o, p, q, r, s, t, u, v, x, y, z
3) CAPITAL LETTERS (WRITTEN FORM)
လက်ရေးစာလုံးကြီး ဥပမာ …. A, B, C, D, E, F,G, H, I, J, K, L, M, N, O, P, Q, R, S, T, U, V, W, X, Y,Z
4) SMALL LETTERS (WRITTEN FORM)
လက်ရေးစာလုံးသေး ဥပမာ …. a, b, c, d, e, f, g, h, i, j, k, l, m, n, o, p, q, r, s, t, u, v, x, y, z

Vowels & Consonants
အင်္ဂလိပ် အက္ခရာတွေထဲက a e i o u ကို သရ (Vowels) လို့ ခေါ်ပြီး ကျန်တဲ့ အက္ခရာ (b c d f g h j k l m n p q r s t v w x y z) တွေကိုတော့ ဗျည်း (Consonants) လို ခေါ်တယ်။

Sentence

ဝါကျ
A sentence is a group of word with complete sence. အဓိပ္ပါယ်ပြည့်စုံတဲ့ စကားစုကိုဝါကျ(sentence) လို့ ခေါ်ပါတယ်။
eg ... 1) Baby cry. 2) We eat rice.
ဝါကျအမျိုးမျိုး
ဝါကျတွေဟာ အဓိကအားဖြင့် (၄) မျိုးရှိပါတယ်၊
I. Statement sentence (ပြောသည့်ဝါကျ)
1) Dogs like meat. 2) I am a programmer.
II. Interrogative Sentence (မေးခွန်းဝါကျ)
1) Do you read newspaper? 2) Do you love me?
III. Imperative Sentence (ခိုင်းသည့်ဝါကျ)
1) Open the door. 2) Get out.
IV. Exclamatory Sentence(အာမေဋိတ် ၀ါကျ)
1) What a Shame! 2) Oh ! My God.
ဝါကျ၏အစိတ်အပိုင်းများ
ဝါကျတိုင်းမှာ subject နဲ့  predicate ပါသည်။
Subject ဆိုသည်မှာ ပြုလုပ်သူကတ္တား(နာမ်/နာမ်စား) ဖြစ်သည်။
eg .. 1) We use internet. 2) He Sleep.
Predicate ဆိုတာကတော့ subject နောက်ကဖြစ်ပြီး ၀ါကျ၏အစိတ်အပိုင်းတခုဖြစ်ပါသည်။ ၄င်းသည် ကတ္တား အကြောင်း ကိုဖော်ပြသည်၊
ဥပမာ..Birds fly.(ငှက်တွေ ဘာလုပ်သလဲ ...ပျံတယ်ပေါ့)
Farmers grows paddy.(လယ်သမားတွေကစပါးကို ဘာလုပ်သလဲ..စိုက်ပျိုးတယ်) ဒီ predicate အပိုင်က ကတ္တား ဘာလုပ်သည် ဘာဖြစ်သည် ကိုဖော်ပြသည်။
Predicate အပိုင်းမှာ Verb(ကြိယာ) အမြဲပါသည်။ နားလည်လွယ်ရန် Predicate ကို Verb အဖြင့်ခဏမှတ်ပါ။ ၀ါကျဆိုတာဘာလဲလို့မေးရင် တော်တော်များများသော ကလေးများက Subj+Verb+Obj တဲ့ဗျာ။ မှန်တော့မှန်ပါ့ဗျား ..ဒါပေမယ့် သူသေသေချာချာ မသိသေးလို့ ပါ..တချို့ ဝါကျတွေမှာ subject + verb နဲ့တင် အဓိပ္ပါယ် ပြည့်စုံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Verb က Object(ကံ) မလိုတဲ့ Verb(intransitive verb) ဖြစ်နေလိုပါ။ သေသေချာချာ စဉ်းစားကြည်ပါ။ ဒီဝါကျတွေမှာ Object(ကံ) မပါဘဲပြည့်စုံနေပါတယ်။ eg..Baby cry. Birds fly. He sleep.
တခါတလေကျတော့ subject + verb နဲ့တင် ပြည့်စုံတဲ့ဝါကျ မဖြစ်ဘူး။ ဒီတခါပြည်စုံတဲ့ ၀ါကျ ဖြစ်ဖို့ စကားလုံး တလုံးလိုလာတယ်။ ဒီစကားလုံးဟာ Verb ကြောင့်လိုလာတာ။ Subject ကတ္တားရဲ့ ပြုလုပ်ခြင်းကို ခံရတဲ့သူ၊ ခံရတဲ့ အရာဝထ္ထုဖြစ်တယ်။အဲဒီ ခံရတဲ့သူ၊ ခံရတဲ့ အရာဝထ္ထုကို Object လို့  ခေါ်တယ်။
eg...A cow gives ဘာကိုပေးတာလဲ ( မပြည့်စုံတဲ့ ဝါကျ)
A cow gives milk. နွားကနို့ ကိုပေးသည် (ပြည့်စုတဲ့ဝါကျပေါ့)
ထပ်လေ့လာကြည့်ပါ
1) I love my mother. 2) We love our country.

သင်ခန်းစာ(၂)



Words

အဓိပ္ပါယ်ရှိတဲ့ အက္ခရာအစုကို word (စကားလုံး) လို့ ခေါ်တယ်။

ဥပမာ ... go = သွားသည် dog = ခွေး book = စာအုပ် eat = စားသည် cat = ကြောင်

Word-Class (စကားလုံး အမျိုးအစား)

အင်္ဂလိပ်စကားလုံးတွေဟာ အဓိကအားဖြင့် အောက်ပါအတိုင်း (၈) မျိုးရှိပါတယ်။ The Eight Parts of Speech လို့ ခေါ်တယ်။

1) Noun .. (n) နာမ် / အမည်

ဥပမာ........... man, woman, boy, girl, dog, cat, car စတဲ့စကားလုံးမျိုး။

2) Pronoun..(pron) နာမ်စား / (Noun အစားအသုံးပြုတဲ့စကားလုံး)

ဥပမာ........... I, we, you, he, she, it, they စတဲ့စကားလုံးမျိုး။

3) Adjective...(adj) နာမ၀ိသေသန /( Noun ကိုအထူးပြုပေးတဲ့စကားလုံး)

ဥပမာ........... good, bad, fat, thin စတဲ့ (သော) ပါသော စကားလုံးမျိုး။

4) Verb......(v) ကြိယာ (လုပ်ကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်းပြတဲ့ စကားလုံး)

ဥပမာ........... go, come, eat, have စတဲ့(သည်) ပါသော စကားလုံးမျိုး။

5) Adverb...(adv) ကြိယာဝိသေသန / ( Verb ကိုအထူးပြုပေးတဲ့စကားလုံး)

ဥပမာ........... slowly, quickly, carefully, good, beautiful စတဲ့ (စွာ) ပါသောစကားလုံးမျိုး။

6) Preposition..(pre) နေရာပြစကားလုံး

ဥပမာ........... in, on, at, to, from စတဲ့စကားလုံးမျိုး။

7) Conjunction..(conj) ဆက်သွယ်ပေးတဲ့စကား

ဥပမာ........... and, but, or, because စတဲ့ စကားလုံးမျိုး။

8. Interjection...(interj) အာမေဋိတ် စကားလုံး

ဥပမာ...........

Is that so?! Oh, unexpected!

Surprising! Extraordinary!

How wonderful! O, what a surprise!

Oh, I see! Ah, poor fellow!

Oh, that's great! Hear, Hear! () Dear, Dear!

၎င်းတို့ကိုနောက်အခန်းများတွင် အသေးစိတ်ဖော်ပြသွားမည်။

Content Words and Structure Word

ခေတ်သစ် Grammar ဆရာတွေကတော့ အင်္ဂလိပ်စကားလုံးတွေကို နှစ်မျိုးသာ ခွဲခြားထားတယ်။ ၄င်းတို့မှာ Content word နှင့် Structure word တို့ ပါပဲ။


Content Word

Content Word ဆိုတာ တစ်လုံးဆီမှာ အဓိပ္ပါယ် ထင်ထင်ရှားရှားရှိတဲ့ စကားလုံးမျိုးတွေဖြစ်တယ်။

1. Noun

2. Verb

3. Adjective နဲ့

4. Adverb... တွေဟာ အများအားဖြင့်Content word တွေဖြစ်တယ်။

Structure Word

တစ်လုံးဆီမှာ အဓိပ္ပါယ် ထင်ထင်ရှားရှားမရှိလှပဲ ၀ါကျဖွဲ့ စည်းရာမှသာ သုံးရတဲ့ စကားလုံးမျိုးကိုတော့ structure word (ဖွဲ့ စည်းမှုစကားလုံး)လို့ခေါ်တယ်။

1. Pronoun အမျိုးမျိုး

2 .Preposition

3. Conjunction

4. Article

5. Helping Verb.....စတဲ့စကားလုံးတွေဟာ့  structure word တွေဖြစ်တယ်။



သင်ခန်းစာ(၃)


Phrase & Clause

Phrase

အဓိပ္ပါယ် မပြည့်စုံ သေးတဲ့ စကားစုကို Phrase လို့ခေါ်တယ်။

ဥပမာ… 1. In the east = အရှေ့ဘက်တွင်
2. on the table = စားပွဲပေါ်မှာ
3. at the door = တံခါးဝတွင်
4. under the tree= သစ်ပင်အောက်မှာ
5. behind the wall = နံရံနောက်တွင်

Phrase မှာ Subject တို့ Verb (Predicate) တို့ပါလေ့မရှိ။

Phrase = Preposition (adj) N

Preposition ဆိုတာ ရှေ့ဆောင်ပုဒ်၊ Pre- ရှေ့မှာ၊ Position- တည်နေရာ ဒါကြောင့် နာမ်/နာမ်စား ရှေ့မှာထားသုံးတဲ့စကားလုံးလို့ အဓိပ္ပါယ်ရပါတယ်။ ဦးစီးပုဒ်၊ ၀ိဘတ် ဆိုပြီးအမျိုးမျိုး လို့လည်းဆိုကြပါသေးတယ်။ ရှေ့ဆောင်ပုဒ်ဆိုတာ နာမ်/နာမ်စား တခုရဲ.ရှေ့မှာထားသုံးရတယ့်စကာလုံးပေါ့..ဘာကြောင့်ထားရလဲဆိုရင် အဲဒီ နာမ်/နာမ်စား နဲ့ အခြား နာမ်/နာမ်စားတို့ရဲ့ဆက်သွယ်ပုံကိုဖော်ပြပေးဖို့ဖြစ်ပါတယ်။

Eg..in, on, at, of, for, by, with, near, to, from, etc
ဥပမာ… 1. My mother is in the kitchen.
2. Fruits are on the table.
3. My father is not at home.

Noun phrase မှာတော့ Gerund (V+ing style) နဲ့ to infinitive ဆိုပြီးရှိပါတယ်…

Eg.. I like playing the guitar. (gerund)
I want to drink a cup of coffee.

Clause

Subject တို့ Verb (Predicate) တို့ ပါပေမဲ့ အဓိပ္ပါယ် မပြည့်စုံသေးတဲ့ စကားစုကို Clasue လို့ ခေါ်တယ်။အမှီဝါကျလို့ ခေါ်နိုင်တယ်။

Clause = Conjunction + Subject + Predicate
= Conjunction + Predicate

ဥပမာ…. 1. [the man] who kill the tiger ကျား ကိုသတ်သော (သူ)
2. [the cat] which likes milk နွားနို့ကြိုက်သော (ကြောင်)
3. that they will come သူတို့လာမယ်ဆိုတာ
4. because he works hard သူကြိုးစားသောကြောင့်
5. if you work hard မင်းကြိုးစားရင်

Conjunction ; စကားဆက်ဆိုတာ ဆက်သွယ်ပေးတဲ့ စကားလုံးပဲ။ စကားလုံးတစ်လုံးကို အခြားစကားလုံး တစ်လုံးနဲ့၊ ၀ါကျတစ်ခုကို အခြားဝါကျတစ်ခုနဲ့ ဆက်သွယ်ပေးတယ်။
A conjunction is a joining word. It joins one word to another word or one sentence to another sentence.
Eg.. and, or , because, if, after, but, etc.

ဥပမာ.. 1. Boys and girls sing together.
2. Give me a fountain- pan or a ball-pen.
3. He is poor, but he is honest.
4. Moe Moe is absent because she is ill.
5. If you want to succeed you must work hard.

ဒီထက်ပိုပြောရရင်… Sentence is group of words …. အဓိပ္ပါယ် ပြည့်စုံ… Subj and verb ပါ

Phrase is group of words …. အဓိပ္ပါယ် မပြည့်စုံ…. Subj and verb မပါ

Clause is group of words .… အဓိပ္ပါယ် မပြည့်စုံ… Subj and verb ပါ

ဒီဝါကျလေးကိုကြည့်ရင်ရှင်းသွားမှာပါ…
She was reading a story when her mother come into the room .(sentence)
when her mother come into the room(clause)
come into the room(phrase)..


သင်ခန်းစာ(၄)

Noun (နာမ်)

သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တို့၏ အမည်ဟူသမျှကို Noun (နာမ်) လို့ခေါ်တယ်။

ဥပမာ … man, woman, boy, girl, dog, cat, car စတဲ့စကားလုံးမျိုး…..

နာမ်ဆိုတာ အမည်ပေးတဲ့စကားလုံးဖြစ်ပါတယ်။ ပုဂ္ဂိုလ်မျာ၊ တိရစ္ဆာန်များ၊ ပစ္စည်းများနှင့် နေရာများရဲ့ အမည်များကို နာမ်များကို နာမ်များလို့ခေါ်တယ်။


Nouns အမျိုးမျိုး

ရှေး Grammar ဆရာများက Noun တွေကို အမျိုးမျိုး ခွဲထားတယ်။ အရေးကြီးတဲ့ Noun တွေကတော့……..

1. Proper Noun (ဧက၀ိဓနာမ်) / (ကိုယ်ပိုင်နာမ်)

2. Common Noun (အများဆိုင်နာမ်)

3. Collective Noun (သမူဟနာမ်) / (အစုပြနာမ်) နဲ့

4. Abstract Noun (စိတ္တဇနာမ်)……တို့ပါပဲ။

ခေတ်သစ် Grammar ဆရာတွေကတော့ Noun ကို(၂)မျိုးသာခွဲထားပါတယ်။

Countable (ရေတွက်လို့ရတဲ့ နာမ်) & Uncountable (ရေတွက်လို့မရတဲ့နာမ်) တို့ပါပဲ။


၁။ Proper Noun (ဧက၀ိဓနာမ်) / (ကိုယ်ပိုင်နာမ်) :ဆိုတာ တစ်ဦးတစ်ယောက်ထဲနဲ့ သက်ဆိုင်တဲ့ ကိုယ်ပိုင်အမည်ဖြစ်တယ်။တစ်ဦး၊ တစ်ယောက် တစ်ခုအတွက် သီးခြားမှည့်ခေါ်ထားသော အမည်ကို (Proper Noun <ဧက=တစ်ဦး> ၀ိဓ=နာမ်)ဟုခေါ်သည်။

လူအမည် eg.. ,Thar Gyee, , Thi Hla, Ye’ Paing , Daw Aye , U Tun, Mr./Mrs. Smith

တိရစ္ဆာန်အမည် eg.. ,Aung Net, Kyar Bo

အရပ်ဒေသ - ပြည်နယ်၊ တိုင်း၊ နိုင်ငံ၊ လူမျိုး အမည်များ

Mon State Kayin

Yangon Division Japanese

Myanmar Indian



မြစ်၊ ချောင်း၊ အင်းအိုင၊် သမုဒ္ဒရာ တို့ရဲ့အမည်တွေဟာ The Ayeyarwaddy, The Pacific, The Red Sea , The Suez Canal

သင်္ဘော၊ ရုပ်ရှင်ရုံ၊ သတင်းစာ စသည်တို့၏ အမည်များ The President, The Pa Pa Win, The city hall, The New Light of Myanmar, The

Kyemon, The people magazine တွေရဲ့ အမည်တွေဟာ proper noun တွေဖြစ်တယ်။


မှတ်ချက်။ Proper Noun ကို Capital Letter(စာလုံးကြီး) နဲ့အမြဲရေးစရေး တယ် Yangon (/) yangon(x)

ကိုယ်ပိုင်အမည်တွေရဲ့ရှေ့မှာ A, An, The ရေးရန်မလို A U Aung (x) U Aung (/)


၂။ Common Noun (အများဆိုင်နာမ်): တစ်စုံတစ်ယာက်နဲ့သာမက အများနှင့် သက်ဆိုင်တဲ့ အမည်များကို အများဆိုင်နာမ်(Common Noun)

များလို့ခေါ် အများနှင့်ဆိုင်တဲ့ အမည်တွေဖြစ်တယ်။

အများနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်၊ သတ္တ၀ါ အရာဝထ္ထုတို့၏ အမည်များကို အများဆိုင်နာမ်ဟုခေါ်သည်။



ဥပမာ…, man (လူဟူသမျှ Man လို့ ခေါ်နိုင်၊ လူတိုင်းနှင့်သက်ဆိုင်တဲ့ အမည်)

dog (ခွေးဟူသမျှကို dog လို့ခေါ်နိုင်တယ် ခွေးတိုင်းကိုခေါ်ရန်ပေးထားတဲ့အမည်)

table (စားပွဲတိုင်းကိုခေါ်နိုင်တဲ့အမည်)

twon (မြို့ဟူသမျှကို လို့ခေါ်နိုင်တယ်)

habour (ဆိပ်ကမ်းဟူသမျှကို လို့ခေါ်နိုင်တယ်)

river / sea (မြစ် သမုဒ္ဒရာ တိုင်းနှင့်သက်ဆိုင်တဲ့အမည်)

မှတ်ချက်။ ။ တချို့ Proper Noun ကို Common Noun အဖြစ်ပြောင်းသုံးလို့ရတယ်၊

ဥပမာ.. U Pon Nya is often called the Shakspaer of Myanmar.


ဦးပုညကို မြန်မာ့ရှိတ်စပီးယားလို့ခေါ်လေ့ရှိသည်။ (ဦးပုည သည် ရှိတ်စပီးယား လောက် တော်တဲ့မြန်မာပြဇာတ်ရေးဆရာကြီး ဖြစ်တယ်လို့ ဆိုလိုပါတယ်၊)

ဒီနေရာ မှာShakespear ကို လူအမည်အနေနဲ့မဟုတ်ဘဲ ပြဇာတ်ရေးဆရာကြီးအဖြင့်နှင့်သာ သုံးထားတာဖြစ်တယ်။) ဒါကြောင့် Shakespear ဟာ

Proper Noun မဟုတ်တော့ဘဲ Common Noun ဖြစ်သွားတယ်။


၃။ Collective Noun (သမူဟနာမ်) / (အစုပြနာမ်):အစုအဝေးတွေရဲ့ အမည်ကို Collective Noun လို့ခေါ်တယ်။ သဘောချင်းတူတဲ့

သက်ရှိသတ္တ၀ါ သို့မဟုတ် သက်မဲ့ပစ္စည်းတို့ရဲ့ အစုအပေါင်းကိုဖော်ပြတဲ့ အမည်များကို သမူဟနာမ် / အစုပြနာမ်လို့ခေါ်တယ်။

eg.,Committee, Jury(တရားသူကြီးအဖွဲ့), army, fleet(စစ်ရေယာဉ်အုပ်စု), crowd, flock(သိုးအုပ်), herd(နွားအုပ်), class, term, navy, pair,

family, a group of young men, a flock of sheep, a herd of cattle, a hive of bees.


၎။Material Noun (ဒဗ္မနာမ်): တစ်ခု၊ နှစ်ခုရယ်လို့ပိုင်းခြားလို့မရတဲ့ ရေ၊ လေ၊ မြေ၊ သတ္တု၊ သစ်သား တို့လိုအခြေခံ ပစ္စည်းများကို

material noun လို့ခေါ်ပါတယ်။

eg., water, air, earth, mud, sand, wood, chalk, cotton, leather, plastic, metal, gold, silver, rice, wheat, bread, sugar, salt,

meat, beef, pork, mutton, curry, oil, milk, tea, coffee

ယခုနောက်ပိုင်းတော့ common noun ထဲမှာပဲပေါင်းထည့်လေ့ရှိပါတယ်။


Abstract Noun (စိတ္တဇနာမ်)း အကောင်အထည်မရှိ၊ ကိုင်ကြည့်လို့လည်းမရ၊ စိတ်ထဲကသာ မှန်းဆသိရှိနိုင်တဲ့ Noun မျိုးကို Abstract Noun

လို့ခေါ်တယ်။ ဒြပ်မရှိ၊ ကိုင်တွယ်စမ်သပ်၍ လည်းမရ မြင်လည်းမမြင်နိုင် စိတ်ဖြင့်သာတွေးတောနိုင်တဲ့နာမ်။

Eg ....kindness, beauty, honesty, bravery, obedience, wisdom, victory, innocence, happiness, sorrow, laziness, pleasure,

leisure, friendship, childhood, manhood, hardness, softness,love, anger, greed, heat, light, length, height

မှတ်ချက်။ ။ မြန်မာလိုအများအားဖြင့် “ခြင်း” တို့ “မှု” တို့နဲ့အဆုံးသတ်တက်တဲ့ Noun မျိုးကို Abstract Noun လို့ခေါ်လေ့ရှိတယ်။


Countable & Uncountable Nouns


1. Countable Noun – Common Noun, Collective Noun

2. Uncountable Noun _Proper Noun, Material Noun, Abstract Noun

တစ်ခု၊ နှစ်ခု သုံးခုရယ်လို့ ရေတွက်နိုင်တဲ့နာမ်တွေက တစ်ခုစိသီခြားရှိတဲ့နာမ်တွေပါပဲ။

ဥပမာ .... one dog, two dogs, three dogs

one book, two books, three books

two flock of birds , three yoke of oxen, five pairs of slipper ..စသည် Common Noun, Collective Noun

တို့ကိုရေတွက်လို့ရတယ်ဆိုတာ ထင်ရှားတယ်။


Proper Noun, Material Noun & Abstract Noun တို့ကို ရေတွက်လို့မရဘူးဆိုတာ လည်းထင်ရှားပါတယ်..ဒီမှာကြည့်လိုက်နော်…

ဥပမာ…Myanmar နိုင်ငံဆိုတာ ကမ္ဘာမှာတစ်ခုတည်းရှိတယ်။ နှစ်ခု သုံးခုရယ်လို့ ရေတွက်လို့မရဘူးဆိုတာက ထင်ရှားပါတယ်..Mount Everest ဧ၀ရက်တောင်..

Water ဆိုတာနည်းနည်းယူလည်းရေ များများယူလည်းရေပါပဲ..ရေတစ်ခု ရေနှစ်ခုလို့ရေတွက်လို့မှမရတာ။ milk, coffee, wood, paper, silver စသည်ပေါ့…

Sorrow ၀မ်းနည်းချင်း တူတူပဲပေါ့….ရလောက်မယ်လို့မျှော်လင့်ပါတယ်..

မှတ်ချက်။ ။ Uncountable မှာ အများ (Plural) ပုံစံမရှိပါ။



သင်ခန်းစာ (၅)

Case and Number
Case
Nouns (နာမ်)တွေကို ၀ါကျထဲမှာ သုံးတဲ့နေရာအလိုက် အမျိုးအစားခွဲခြားတာကို case လို့ခေါ်တယ်။ Case အမျိုးမျိုးရှိပါတယ်…အရေးကြီးဆုံကတော့
Nominative Case (Subject အနေနဲ့ သုံးထားတဲ့ Noun)
ဥပမာ..Mg Mg is clever. Khin Khin is beautiful.

Objective Case (Object အနေနဲ့ သုံးထားတဲ့ Noun )
ဥပမာ..I love my mother. We admire Khin Khin.

Possessive Case (ပိုင်ဆိုင်ကြောင်းပြတဲ့ Nouns ကို Possessive Case)
ဥပမာ..Mg Mg’s father is very rich. Khin Khin’s eyes are bright.

မှတ်ချက်။ ။ Possessive case အနေနဲ့ သုံးတဲ့ အခါ သက်ဆိုင်ရာ Noun ရဲ့ နောက်မှာ (’s)ထည့်ပေးရတယ်။

eg.., 1. dog’s tail 2.bird’s wings
‘s’ နှင့်ဆုံးတဲ့အများ (Plural Noun) တွေကို possessive case သုံးရင်တော့ ( ’ ) ပဲထည့်ရမယ်။ s မလိုပါ..

eg..,1. the dogs’ tails 2. Birds’ wings
သက်မဲ့တွေရဲ့နောက်မှာ(’s) မထည့်ရ။ ရှေ့မှာof ထည့်ပေးရတယ်။

eg.., 1 The house’s windows (x) The window of the house (/)




Number (ဆိုတာ အရေအတွက်ဖြစ်တယ်၊ Nouns တွေမှာ Number (၂)မျိုးရှိပါတယ်။)

Singular Number Plural Number
(တစ်ခု၊ တစ်ယောက်) နှင့် (အများ) တို့ပါ။
Singular ကို Plural ဖြစ်အောင်ပြောင်းချင်လျှင်…

၁။ s ပေါင်းထည့်ပေးပါ။ eg.., boy to boys, book to books, desk to desks, house to houses, river to rivers စသည်ဖြင့်..

၂။ s ,sh, ch နှင့် x တို့နဲ့ ဆုံးတဲ့ စကားလုံတွေရဲ့နောက်မှာတော့ es ကိုပေါင်းပေးပါ..
brush brushes, box boxes, ,
class classes , gas gasses,

fox foxes, tax taxes,
watch watches, branch branches,

ဝန်ခံချက်။ ။ကျွန်တော်လဲတတ်လို့ရေးသားထားခြင်မဟုတ်ပါ..လေ့လာထားသောစာအုပ်တွေဘလော့လေးတွေ
မှတဆင့်ကူးယူးရေးသား ဖြန့်ချီပေးခြင်းဖြစ်ပါတယ်ခင်ဗျာ... ရေသားတင်ဆက်သူ ဟိန်း

အမှန်တွေးခြင်း

သမ္မာသင်္ကပ္ပ(သမ္မာ- မှန်ကန်စွာ၊ သင်္ကပ္ပ- ကြံစည်ခြင်း၊ တွေးတောခြင်း) ဖြစ်ပါ သည်။ အမှန်ကိုတွေးတောနိုင်ဘို့ အမှန်ကိုဦးစွာမြင်ဘို့ လိုအပ်ပါ၏။ တဖန် အမှန် မြင်ဘို့လည်း အမှန်ကိုတွေးဘို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အကျိုးပြုနေသောသဘောသည်ပင်လျှင် တရားသဘောနိယာမဖြစ်၏။ အမှန်ကို အမြင့်ဆုံးအနေဖြင့် တွေးတောရမှာကတော့ ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်သ ဘော၊ ပျက်သဘောတို့ကို တွေးတောခြင်းနှင့် သစ္စာလေးပါးတရားတို့ကိုသာ အမှန် အားဖြင့် တွေးတောနေခြင်းဖြစ်ပါသည်။

လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသဖြင့် ပညတ်ထားသော အမည်နာမတို့ကို ဖြုတ်လိုက် လျှင် အားလုံးသည် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါတို့ပင် ဖြစ်ကြပါသည်။ အဆင့် အတန်းဟူသော ခွဲခြားဆက်ဆံတတ်သည့်သဘောသည် မာနကိလေသာ၏ ခြယ် လှယ်မှုပင်ဖြစ်၏။ လူလူချင်းစာနာထောက်ထားတတ်ရုံသာမက တိရစ္ဆာန်လေးတွေ ကိုလည်း စာနာထောက်ထားတတ်ရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ ကိုယ်ကျိုးစီးပွားကို ဖျက်စီးဘို့ ကြံစည်နေခြင်းသည် မလျော်ကန်မသင့်မြတ်လှသော အတွေးပင်ဖြစ်၏။ မိမိ၏ ကျန်းမာရေးအတွက် ယင်ကောင်လေးတွေ၊ ခြင်လေးတွေကို သတ်ဘို့ကြံစည်ခြင်းသည် မစာနာ မထောက်ထားသော ကြံစည်မှုပင်ဖြစ်၏။ အားလုံးသည်ပင်လျှင် သတ္တ၀ါတို့ မဟုတ်ကြပါလော။ ဤမျှ ရှည်လျားလှသော သံသရာ၌ မိမိသည်ပင်လျှင် ခြင်၊ ယင်တို့ဖြစ်ခဲ့ဖူးလေပြီ။ မိမိနှင့် ဆွေမျိုးမတော်စပ်ဘူးခဲ့သောသူမရှိခဲ့ဟူ၍ မြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။ တစ်ခါတုန်းက မြတ်စွာဘုရားသည် အရှင်အာနန္ဒာ ဆွမ်းစားနေစဉ် သုံးဆောင်နေဆဲဖြစ်သော ငါးဟင်းမှာ တချိန်က သားတော်စပ်ဖူးခဲ့ကြောင်း တန်ခိုးတော်ဖြင့် ပြသလိုက်ရာ ဆွမ်းမစားဝံ့ဘဲ ဖြစ်ခဲ့ဖူးလေ၏။ ထို့ကြောင့် နိဗ္ဗာန်မရသေးသော သတ္တ၀ါအားလုံးသည် သံသရာ ခရီးသည်များဖြစ်ကြရာ အချင်းချင်း စာနာသင့်လှပေသည်။

ပေးကမ်းလှူဒါန်းခြင်းအမှုသည် အချင်းချင်းရိုင်းပင်းခြင်း၊ ကောင်းမှုပြုခြင်းပင်ဖြစ်ပါ သည်။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ ဥစ္စာပစ္စည်းတို့အား သူတစ်ပါး တို့နှင့် မျှဝေစားသုံးခြင်းသည် မှန်သောတွေးခြင်းမှလာသော ကောင်းသောအလုပ် ဖြစ်၏။ မိမိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် သေလျှင်ထားခဲ့ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကိုအလိုရှိသောဆန္ဒဖြင့် ကိုယ့်မှာရှိသော အသိပညာ ဗဟုသုတ၊ အခွင့်အရေး၊ လာဘ်လာဘတို့ကို ကိုယ်ချည်းသုံးဆောင်မနေပဲ သူတစ်ပါးတို့အားလည်း ဝေမျှသုံးဆောင်ခြင်းဖြင့် မိမိ၌ပါရမီကုသိုလ်အထူးတို့ ပါသွားမည်ဖြစ်ပေသည်။ ရေတစ်ခွက်ပေးလှူသည်ဖြစ်စေ ထိုဒါနကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် နိဗ္ဗာန်သို့ ရည်မှန်း၍သာ ပေးလှူကြပါလေ။

သူတစ်ပါးတို့ ဆင်းရဲကြောင်းကိုသာ တွေးတောနေခြင်းသည် မျက်မှောက်ကာလ မိမိမှာပူလောင်နေရသလို သူတစ်ပါးတို့အတွက်လည်း အကျိုးရှိလာစရာ အကြောင်းမရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတို့ဖြင့်နေနေကြလျှင် ယခုဘ၀အဘယ်သို့အကျိုးရှိအံ့နည်း။ သံသရာမှာဖြစ်ပေါ်လာမည့် ဆင်းရဲခြင်းအကြောင်းသာလျှင် ဖြစ်နေပေမည်။ ထို့ကြောင့် သူတစ်ပါးတို့ချမ်းသာကြောင်းကိုသာ အစဉ်တွေးတောနေပြီး မိမိ ကိုယ်တိုင်လည်း ချမ်းသာစွာနေနိုင်အောင် ကျင့်ကြံသင့်လှပေသည်။

ဧကာယနောဟူသော တစ်ခုတည်းသော မသေရာလမ်း မဂ္ဂင်ရှစ်ပါးတရားတော် မြတ်ကြီးကို မြတ်ဗုဒ္ဓသည် ဟောကြားတော်မူခဲ့လေပြီ။ ထို့ကြောင့် ယခုလို မဂ္ဂင်ရှစ် ပါးတရားတော်မြတ်ကြီးနှင့် ကြုံကြိုက်နေပါသော်လည်း မကျင့်ကြံမပွားများပဲနေနေ ကြလျှင်ဖြင့် မိမိအတွက် ပေါ်ပေါက်လာသောလမ်းမဟုတ်ပဲ ဖြစ်နေပေမည်။ “ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။” ဆိုသည့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၏ အဆုံးအမကဲ့သို့ ဖြစ်နေပေမည်။ ထို့ကြောင့် လမ်းသွားချင်းပက်ပင်းကြုံနေတုန်း ငါကြံတာမှအမှန်၊ ငါပြောတာမှ သဘောမိ၊ ငါလုပ်တာမှ အဟုတ်ဟူ၍လည်း အချင်းချင်းအငြင်းပွားမနေကြတော့ဘဲ မိမိ၌ရှိသော ကိလသာတရားတို့ငြိမ်းအောင် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်သင့်လှပေပြီ။

မိမိ၏ ကောင်းမှန်သောကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှုတို့ဖြင့် အတူနေများဂုဏ်မြင့် အောင် ဆောင်ရွက်သင့်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ၏ဂုဏ်တို့လည်း မြင့်မားလာမည်ဖြစ်ပြီး ထိုထိုကောင်းမှုတရားတို့ကို ပြန်လည်၍ အောင်းမေ့လိုက် တိုင်းလည်း ပြန်လည်ဝမ်းမြောက်နေရပေမည်။ လူ့ဘ၀ဖြစ်ရ သမုဒ္ဒရာရေတစ်ပွက် မျှသာမို့ ထာဝရချမ်းသာ မသေရာလမ်းကို အမြန်သာလျှောက်လှမ်းကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

အမှန်မြင်ခြင်း

အမှန်မြင်ခြင်း


" />

မဂ္ဂင်ရှစ်ပါး

မဂ္ဂရှစ်ပါး တရားတော်ကို ရေးသား၍ ဘုရားရှင်၏တရားတော်များ အနှစ်သာရကို သိရှိစေရန် ဓမ္မဒါနပြုအပ်ပါသည်။ ကျနော် အနေနဲ့ စာဖတ်သူများ သိရှိလိုက်သော အသိကို လိုက်ကျင့်ကြပါလို့ အလေးနက်ထား၍ သတိပေးလိုပါသည်။ အသိကို လိုက်မကျင့်ပါက သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာ ဘဲဖြစ်သွားတက်ပါသည်။ မဂ္ဂင် တရားများအားထုတ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

ထေရ၀ါဒဗုဒ္ဓဘာသာ ဘုရားရှင်အကြောင်း

ဖွားမြင်ခြင်းနှင့်တောထွက်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။
တရားရှာခြင်း
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။

ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။
တရားဟောခြင်း
သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အ၀တ်အတွက် ပိုင်ရှင်မဲ့အ ၀တ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။
လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စ၀ဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂၀တွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ သြ၀ါဒပေး၍ စစ်ဆေးခဲ့သည်။ သြ၀ါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “သြ၀ါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော သြ၀ါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟ၀န်ခံ၍၊ ၀န်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂၀ကြာအောင် ဤသြ၀ါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေးပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (၀ါ) ၀ိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ၀ိနည်းကို ပညတ်ခဲ့သည်၊ စည်းကမ်းပြုခဲ့သည်။
ဘုရားမဟောသောတရား
ဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ၀င်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။ တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လောက) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ၀ိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ၀မ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ၀ီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောကတွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်းလျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သားဖွယ် စကားလေးခွန်းပြောခဲ့သည်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။ (မှတ်သားသင့်ပါသည်)။
ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အ၀သေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရ၀ပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။

အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံး အားအနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော် မူအပ်သော (ပိဋကတ်)တရားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။
(ဓမ္မပဒ)

ထို့ကြောင့် အောက်တွင်ရေးသားထားပါသော မဂ္ဂင်ရှစ်ပါးတရားတော်သည် စာဖတ်သူတို့ လိုက်နာကျင့်ကြံရန် တစ်ခုတည်းသော လမ်းစဉ်ပင်ဖြစ်ပါတော့သည်။

စိရံတိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။

ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာနှင့်အနတ္တလက္ခဏာသုတ်တရားတော်များ၊

စာဖတ်သူများ ပရိတ်တရားတော်၊ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏာသုတ် တရားတော်များ ကြည်ညိုပူဇော်နိုင်ရန်တင်ပြခဲ့ပါတယ်။ ဖွင့်ပြီးပူဇော်ပါက ပြီးဆုံးအောင် နာကြားကြပါရန် အသိပေးအပ်ပါတယ်။ နတ်များပင့်ဆောင်၍ ရွတ်ဖတ်တာဖြစ်ခြင်းကြောင့် နတ်ပို့ပြီးသည်အထိဖွင့်ပြီး နာကြားကြပါရန် ဖြစ်ပါတယ်။

video

သူတော်ကောင်းအဓိပ္ပါယ်


သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။

သင်သေသွားသော်

သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။

(ဇော်ဂျီ)ရေးပါတယ်အလင်္ကာအမျိုးအစားဖြစ်ပါတယ်
“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

ကြည်ညိုဖွယ်ရာမြတ်သံဃာ

ကြည်ညိုဖွယ်ရာမြတ်သံဃာ


သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”

ဣနြေ္ဒ္ဒရှိလှမြတ်သီလ

ဣနြေ္ဒ္ဒရှိလှမြတ်သီလ

ချမ်းသာကိုယ်စိတ်မြဲပါစေ၊

အမေများအတွက် တရားတပုဒ်

အမေများအတွက် တရားတပုဒ်

“သားလှချစ်စွာ မိမာတာ၏၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။


video

ပိဋကတ် အစွယ်ထောင်လျှင် ...

တစ်ပိုင်းကြောင် ကျက်စာရုံနှင့် ခက်ပါလှ သဘောဉာဏ်
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မက္ခခန်ကို တတ်လေဟန်ယောင်ဝါး
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။ ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်
အထောက်တွေနှင့် ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်၊
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။

တာဝန်ကိုယ်စီ

တာဝန်ကိုယ်စီ
" />


ဓမ္မချမ်းသာကို တွေ့အောင် ရှာနိုင်၍ ဓမ္မက ပေးသော ချမ်းသာအစစ်ကို ရရှိခံစားနိုင်ကြပါစေ…


ကျမ်းကိုး။ ။ ဥပေက္ခာမရှိသော နှလုံးသား - အရှင်နာရဒ (ဟိုပင်)

သာသနာတော် တည်ရာအုတ်မြစ်ဟာ ဘာလဲ

ဒကာ။ ။သာသနာတော်ကို တည်ထောင်တဲ့နေရာမှာ မြတ်စွာဘုရားသခင်ဟာ အဓွန့်ရှည်ကြာတည်တံ့အောင် ဘာကို ဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ် ဆိုတာ စာပေမှာ ပါပါသလားဆရာတော်။
ဆရာ။ ။ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက်အခြေခံမူလကို...
ဒီဃ ဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကို မြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်တံ့ နိုင်စေရန်သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ယခုလိုဆိုထားတာရှိတယ်။
လူတွေဝိနည်းတတ်အောင်သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့ ။
ဒါကြောင့် သာသနာတော်အရှည်ခံ၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလ သိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ ကိုသာရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံ အသက်ပဲ။

video

“သံဃာ့ဂုဏ်ရည်” အပိုင်း(၁)

သံဃာတော် အရှင်သူမြတ်များသည် ထေရ၀ါဒ သာသနာတော်ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရပါတယ်။ ယနေ့အချိန် ကျနော်တို့တွေသည် စစ်မှန်သော တရားနည်းလမ်းတွေ လေ့လာသိရှိခွင့်၊ နာကြားခွင့်၊ ကျင့်ကြံအားထုတ်နိုင်ခွင့် ရရှိနေခြင်းမှာ သံဃာတော်များ၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်သည် ဘေးဒုက္ခအားလုံးမှ လွတ်မြောက်ရာ တရားနည်းလမ်းများကို လမ်းညွှန်ဟောကြား ဆုံးမတော်မူခဲ့သလို၊ လောကအတွင်း နေထိုင်နည်း၊ စီးပွားရှာနည်း၊ လူသားတို့ တိုးတတ်နည်း စတဲ့ လောကကြီး အေးချမ်းသာယာစေမည့် တရားနည်းလမ်းများကိုလဲ ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားတော်များကို သံဃာတော်များကပင် ပြန်လည်ဟောကြား ဆုံးမတော်မူကြပါတယ်။ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူသော “သံဃာဂုဏ်ရည် တရားတော်” ကို အားလုံးနာကြားသိရှိ လိုက်နာစေချင်ပါတယ်။
ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားသောတရားများကို အောက်ပါလင့်မှာ ကူးယူနိုင်ပါတယ်။


video

ဘုရားရှင်၏ သြ၀ါဒတော်နှင့် လိုက်နာဖွယ်ရာ

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့ အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
အထက်ပါကောက်နုတ်ချက်သည် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်လာ မြတ်ဗုဒ္ဓ၏ မိန့်မှာတော်မူချက် ဖြစ်ပါတယ်။


ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။
အဘယ်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက်ပေးနိုင် သောကြောင့် ဖြစ်ပါတယ်။

ထိုသို့ဆိုလျှင် ရတနာသုံးပါးနှင့် စပ်၍ အပြစ်ပြောဆိုကြသည်ကို တွေ့မြင်ကြားသိရာ၌ ဒေါသ၊ ဒေါမနဿ မဖြစ်စေဘဲ သည်းခံနေရုံမျှဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး၏ တာဝန်ကျေပွန်ပါပြီလော… ဟု မေးစရာရှိလာသဖြင့် “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်ဟု ဆက်လက် မိန့်မှာတော် မူခဲ့ပါတယ်။

“တုမာကံ သတ္ထာ န သဗ္ဗညူ ဓမ္မော ဒုရက္ခာတော် သံဃော ဒုပ္ပဋိပန္နောတိ အာဒီနိ သုတွာ န တုဏှီ ဘ၀ိတဗ္ဗံ”
“သင်တို့၏ဆရာ ဘုရားမြတ်စွာသည် သဗ္ဗညူ မဟုတ်၊ တရားကို မကောင်းသဖြင့် ဟောတော်မူအပ်၏။ သံဃာသည် ကောင်းစွာမကျင့်၊ ဤသို့ အစရှိသော စကားတို့ကို ကြားသိရသည်ရှိသော် ဆိတ်ဆိတ်မနေအပ်”

“ဧ၀ံ ပန ၀တ္တဗ္ဗံ ဣတိပေတံ အဘူတံ န သဗ္ဗတ္ထ”
“ဤသို့ ပြောဆိုအပ်၏။ အကြင်စကားကို သင်တို့ ပြောဆိုအပ်၏။ ထိုစကားသည် ဤအကြောင်းလည်း မမှန်၊ ဤသို့ သဘောရှိသော အပြစ်သည် ငါတို့၌ ထင်ရှားမရှိ၊ ငါတို့၏ ဆရာဘုရားသည် အားလုံးကို သိတော်မူသည်သာတည်း၊ တရားတော်သည်လည်း ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်ပင် ဖြစ်၏။ ရှစ်ယောက်အရိယာ မြတ်သံဃာတော် သည်လည်း ကောင်းသော အကျင့်ကို ကျင့်တော်မူ အပ်ပါပေ၏။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုအဖြစ် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်သည်၏ အဖြစ်၊ အရိယာသံဃာတော်၏ သုပ္ပဋိပန္န၏ အဖြစ်ကို ဤအကြောင်း ဤအကြောင်းတို့ကို ထောက်၍ သိအပ်ပါ၏” ဟု ပြောဆို ဖြေရှင်းအပ်၏။ သို့ရာတွင် နေရာတကာတိုင်း လိုက်၍ ဖြေရှင်းမနေရ။

အဘယ်ကဲ့သို့သော နေရာမျိုး၌ မဖြေရှင်းဘဲ နေရမည်နည်းမူ-
“သင်သည် သီလမရှိ၊ သင်၏ဆရာသည် အကျင့်မကောင်း၊ သင်သည် ဤမည်သော အမှုကို ပြုအပ်၏။ သင်၏ဆရာသည် ဤအမှုကို ပြုအပ်၏” ဟု ဆိုအပ်သည်ရှိသော ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲ့ စကားကို ဖြေရှင်းအပ်၏။ “သင်သည် မြည်းလိုကောင်၊ နွားလိုလူ” စသည်ဖြင့် ဆဲရေးသော ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ သည်းခံ ခြင်းကိုသာ ပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃)။

အထက်ပါ ပါဠိတော်၊ အဋ္ဌကထာများအရ “သာသနာ့ ၀န်ထမ်း ရှင်ရဟန်းများ အနေဖြင့် ရတနာသုံးပါး၏ အပြစ်ပြ စကားတို့ကို တွေ့မြင်ကြားသိရသည် ရှိသော် မဟုတ်လျှင် မဟုတ်သည့် အတိုင်း ပြန်လည် ဖြေရှင်းအပ်၏။ မိမိနှင့်မိမိ၏ ဆရာသမား သိက္ခာတရားနှင့် ပတ်သက်သော အပြစ်ပြစကားတို့ကို တွေ့မြင်ကြားသိရသည့် အခါ အရေးလုပ်ကာ ဖြေရှင်း မနေဘဲ လျစ်လျူရှုကာ သည်းခံအပ်၏” ဟု မှတ်သားရပါတယ်။

ယခုမူကား မိမိနှင့် မိမိဆရာသမားကို ထိပါးလာလျှင် ချက်ချင်း တုံ့ပြန်လိုကြသော်လည်း ရတနာသုံးပါးနှင့် ပတ်သတ်လာ လျှင် ကိုယ်နှင့် မဆိုင်သလို ဆိတ်ဆိတ်နေကြပါတယ်။ ထိုအကြောင်းတို့ကို ဖြေရှင်းရန်မှာ ရဟန်းသံဃာတော်များသာ တာဝန်ရှိသည်ဟု မခံယူသင့်ပါ။ သံဃာတော်များကို ဦးဆောင်ဦးရွက်ပြု၍ (ဗုဒ္ဓဘာသာဝင် အမည်ခံသူ) လူများသည်လည်း ဆောင်ရွက်ရပါမယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသော အနာဂတ်သာသနာရေး ကျမ်းတွင် လူများလည်း သာသနာပြုနိုင်ပုံကို အကျယ်တ၀င့် ရေသား ဖော်ပြထားပါတယ်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် လူတွေ အနေဖြင့် သာသနာနှင့် မလျော်ညီသည့် အပြုအမူများအပေါ် ဝေဖန်စမ်းစစ်၍ အမှန်တရားဖြစ်အောင် ဆောက်ရွက်နိုင်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာဝင်အများစုသည် သူများပါးစပ်နှင့်သာ လမ်းဆုံးနေပြီး အမှားအမှန်၊ ဘုရားဟောနှင့်ကိုက်ညီမှု ရှိ၊ မရှိ မချင့်ချိန်တတ်ကြပါ။ သာသနာဆိုတာ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ အချိန်မှာ သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် သံဃာ့ အဖွဲ့အစည်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရလေအောင် ဘုရားရှင်သည် ၀ိနည်းတော်များ ပညတ်၍ ဆောင်ရွက်တော်မူခဲ့ပါတယ်။ ထိုဝိနည်းတော်ဆိုရာမှာ တချိန်တည်းမှာပင် ၀ိနည်းတော်အဖြစ် ပညတ်ခဲ့ခြင်းမဟုတ်ပဲ သာသနာတော်ကို ထိခိုက်၊ ပျက်စီး ညှိုးနွမ်းစေမည့် အပြုအမူများ ပေါ်ပေါက်လာမှသာ လိုအပ်သလို ပညတ်ခဲ့ခြင်းဖြစ်ပါတယ်။

“၀ိနယော နာမ သာသနဿ အာယု= ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေး မထေရ်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှ အရေးကြီးလှသည်ကို နားလည် သဘောပေါက်သင့်ပါပြီ။ သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့သည်မှာ ပုံပြင်တွေ မဟုတ်ပါ။

စာပေအရပြောဆို နေရုံသပ်သပ်ဖြင့် အရာမရောက်ဟု မဆိုသင့်ပါပေ။ ယနေ့ စာပေနှင့် ပြောဆိုခြင်းကို လက်မခံနိုင်ကြပဲ ဘုရားရှင်ဟောသည့် ကာလာမသုတ်တော်လာ အချက်များကို ပြောတတ်ကြပါတယ်။ အနည်းငယ်မျှ စဉ်းစားတတ်စေချင် ပါတယ်။ ထိုအချိန်ကာလမှာ ဘာသာအယူဝါဒ အမျိုးမျိုး ပေါ်ပေါက်ပြီး လူတွေကို စည်းရုံးဟောကြား သဖြင့် ဘုရားရှင်က ကာလာမသုတ် အတိုင်း ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ ကာလာမ ပုဏ္ဏားတို့က ဗုဒ္ဓ၀ါဒကို လက်ခံကြတာ အမှန်ပါပဲ။ ယခုအချိန်မှာ မြတ်စွာဘုရားဟောခဲ့တဲ့ ပိဋတ်ကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အထင်အရှားရှိပါ လျှက် ဗုဒ္ဓဘာသာလို့ ခံယူထားတဲ့ သူတွေက ဘုရားဟော ပိဋကတ်ကို မယုံကြည်သေး သလား? ပိဋကတ်တော်မှာ ပါတဲ့ တရားတွေကိုပဲ ကိုယ်တွေ့မဟုတ်လို့ စိတ်မချရဘူးလို့ ဆိုလိုချင်ကြတာလား?

ဘုရားရှင်သည် ကာလာမသုတ်ကို ဟောစဉ်မှာ သူ့ဘာသာ၊ ငါ့ဘာသာလို့ အပြိုင်အဆိုင် စည်းရုံးနေချိန် ဖြစ်တာကြောင့် ကာလာမပုဏ္ဏားတို့ကို တဆင့် စကားဆိုလည်း မယုံဖို့၊ စာပေကျမ်းဂန် (ဗုဒ္ဓစာပေကို မဆိုလို ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလ တခြားဘုရားတို့၏ စာပေ၊ ရိုးရာစာပေကိုသာ ဆိုလိုသည်) နှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း မယုံဖို့ စသဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဆိုရခြင်းမှာ ဘာသာဝါဒချင်း အပြိုင်အဆိုင်ဖြစ် နေတဲ့ အတွက်ကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ဖို့ ဟောကြားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ကိုးကွယ်အား ထားရာ အစစ်မှန်ဖြစ်တဲ့ ဘုရားဟောတရားတွေ ရှိနှင့်နေပြီဆိုတာ လူတိုင်း ယုံကြည်ကြမှာပါ။ ထိုတရားတော်တွေသည် ပိဋကတ်တော်မှာပါတဲ့ အတိုင်းဖြစ်လို့ စာပေပိဋကတ်ကို မယုံကြည်ရင် တရားကို မယုံကြည်ရာ ရောက်ပါလိမ့်မယ်။ ထိုနည်းတူ တရားဆိုရင်လည်း စာပေနှင့်ပါ တိုက်ဆိုင်စစ်ဆေး ခံနိုင်ရပါမယ်။

ထို့သို့ ဆိုရလျှင် စာပေသည် သာသနာတော် အတွက် မည်မျှ အရေးပါသည်ကို မှန်းဆ သိမြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။
“တရားမနာ၊ စာပေမသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ ဘုရားသာသနာ ကွယ်ကြောင်းတည်း” ဆိုသည့် အတိုင်း-
စာပေမသင်ကြားခြင်းပင်လျှင် သာသနာကွယ်ကြောင်းဟု ဘုရားရှင် ဟောကြားဆုံးမခဲ့သည်ကို သတိပြုစေလိုပါတယ်။

ထို့အပြင် ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုခဲ့ကြပါတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ ဖြစ်ပါတယ်။ ပရိယတ်မပါသော ပဋိပတ်သည်လည်း စနစ်မကျသလို ပရိယတ် သပ်သပ်နှင့် ပဋိပတ် မပါလျှင်လည်း အကျိုးမများနိုင်ပါ။ ထိုသဘောကို နားလည် လက်ခံနိုင်ကြပါစေ…

ကျွန်တော်တို့ သာသနာသည် တနေ့မှာ ကွယ်ရမယ်ဆိုတာ ယုံကြည်လက်ခံပါတယ်။ သို့သော် သာသနာ ထွန်းကာနေချိန် မှာတော့ စစ်မှန်သည့် နည်းလမ်းအတိုင်းသာ ဖြစ်စေချင်တာ မှန်ကန်သော ဆန္ဒပါ။ ငယ်စဉ်ဘ၀ကတည်းက စာပေလေ့လာ သင်ယူဆည်းပူးခဲ့သော ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ မေ့လျော့ထားလို့ မသင့်တော်ပါပေ။ မိမိတို့ကိုယ်တိုင် သာသနာ အကျိုးကို စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ရင်တောင် မိမိတို့ကြောင့် သာသနာတော်၏ သိက္ခာတွေကို မပျက်စီး၊ မညှိုးနွမ်းစေဖို့တော့ တာဝန်ယူပေးကြပါ။

စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်မည် ဆိုပါသော် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာနှင့် သင့်တော်မှန်ကန်သည့် တရားဓမ္မများကိုသာ ရွေးချယ် ဆောင်ရွက်တတ်စေလိုပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ…

လယ်တီတော်ဆရာတော်ဘုရားကြီး၏ -၇-နေ့ ဘုရားရှိခိုး
  • မူရင်း ၇-နေ့ ဘုရားရှိခိုက ဒီမှာ
  • ၇-နေ့ ဘုရားရှိခိုး ကဗျာများ
    lapyae 007
    lapyae 020
    ယခုအခါ ဆရာတော်သည်
    --------0000----------
    သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် ရွှေစည်းဂုံစေတီ ပုံစံတူ တည်ထားပူဇော်ရန်အတွက် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်သို့ ရောက်ရှိနေပါသည်။
    --------0000----------
    သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
  • ဆရာတော်၏ တရားတော်များက ဒီမှာ
  • lapyae 007
    ဆရာတော်ရွတ်ဖတ်သရဇ္ဈာယ်ထားသော ပရိတ်တရားတော်
    သီတဂူဆရာတော်ဘုရားကြီး တည်ဆောက်မည့် “အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္မဋ္ဌာန်းဌာန”ပုံစံဖြစ်ပါတယ်။ မြန်မာပြည်သာသနာမှာ “ဓားမကူးဆရာတော်”ဟု နာမည်တွင်ခဲ့သည့် တောင်ဖီလာဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် စစ်ကိုင်းတောင်ရိုး, တောင်ဖီလာချောင်အနီးမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းအတွက် သာဓုခေါ်နိုင်ရန် တင်ပေးလိုက်ပါတယ်။ ----------Well-done---------- ။။။ပုံကြီးကြည့်ရန် ပုံပေါ်ကလစ်ပါ။။။
    ပါချုပ်ဆရာတော်
  • ပါချုပ်ဆရာတော်၏ တရားတော်များက ဒီမှာ
  • ---------------------
    -------ပါချုပ်ဆရာတော်ဟောကြားထားတဲ့------- နိဗ္ဗာန်အကြောင်းတရားတော်
    Dhammapada 01.png
    Dhammapada 03.png
    Ledi U Vilasa.png
    လယ်တီတော်ဆရာတော်ဘုရားကြီး၏ -၇-နေ့ ဘုရားရှိခိုး
  • မူရင်း ၇-နေ့ ဘုရားရှိခိုက ဒီမှာ
  • ၇-နေ့ ဘုရားရှိခိုး ကဗျာများ
    lapyae 007
    lapyae 020
    ယခုအခါ ဆရာတော်သည်
    --------0000----------
    သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတွင် ရွှေစည်းဂုံစေတီ ပုံစံတူ တည်ထားပူဇော်ရန်အတွက် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်သို့ ရောက်ရှိနေပါသည်။
    --------0000----------
    သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
  • ဆရာတော်၏ တရားတော်များက ဒီမှာ
  • lapyae 007
    ဆရာတော်ရွတ်ဖတ်သရဇ္ဈာယ်ထားသော ပရိတ်တရားတော်
    သီတဂူဆရာတော်ဘုရားကြီး တည်ဆောက်မည့် “အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္မဋ္ဌာန်းဌာန”ပုံစံဖြစ်ပါတယ်။ မြန်မာပြည်သာသနာမှာ “ဓားမကူးဆရာတော်”ဟု နာမည်တွင်ခဲ့သည့် တောင်ဖီလာဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် စစ်ကိုင်းတောင်ရိုး, တောင်ဖီလာချောင်အနီးမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းအတွက် သာဓုခေါ်နိုင်ရန် တင်ပေးလိုက်ပါတယ်။ ----------Well-done---------- ။။။ပုံကြီးကြည့်ရန် ပုံပေါ်ကလစ်ပါ။။။
    ပါချုပ်ဆရာတော်
  • ပါချုပ်ဆရာတော်၏ တရားတော်များက ဒီမှာ
  • ---------------------
    -------ပါချုပ်ဆရာတော်ဟောကြားထားတဲ့------- နိဗ္ဗာန်အကြောင်းတရားတော်
    Dhammapada 01.png
    Dhammapada 03.png
    Ledi U Vilasa.png
    “နမာမိ ဇိနံ”
    “အဟံ ပူဇေမိ ဒီပံဉ္စ ပုပ္ဖဉ္စ”
    “ဇိတံ မေ”
    Pannavaggi 01.png