လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

" မေမေ့ထံသို့ သဝဏ်လွှာ" 5:15 PM 4/7/2010

ရေးခြားမြေခြား အနေများတဲ့
သားတစ်ယောက်ကို စိတ်ထားဖောက်လို့
အမေ့စကားပျောက်ကာ စိတ်ရိုင်းဝင်ပြီ
သိပ်ရိုင်းနေပြီလို့တော့ မထင်ပါနဲ့ ........အမေရာ
ရေမြေခြားမှာ အနေများတဲ့
သားတို့မှာလေ အမေ့စကားရင်ဝယ်ထားပြီး
နေသော်ညားလည်း သူတို့စရိုက်အလိုက်ထိုက်မို့
မိုက်သွားတယ်လို့လည်း မထင်ပါနဲ့ .........အမေရာ
သူတို့ဘာသာ သူတို့စကားနဲ့
သူတို့ဆန်စား ရဲနေရတဲ့
သားတို့ဘဝ ပြေးမကြည့်ပေမဲ့
တွေးကြည့်လို့တော့ မြင်နိုင်ပါတယ်..........အမေရာ
နေ့စဉ်နေ့တိုင်း အပြေးတစ်ပိုင်း
အိမ်မှုကိစ္စ နေ့ဒဓူဝနှင့်
အလုပ်လုပ်နေရ သားဘဝမှာ
အမေ့ ဝဋ်လည်း လည်နေပါပြီ ..........အမေရာ
ဒါတင်မက သားတို့ဘဝ
ရောက်တဲ့ကျရာ အလုပ်ခွင်မှာ
အဆင်ပြေပါမှ တော်ကာကြ၏
မပြေလို့ထွက်ပြေး အိုးဗာစတေးတဲ့ .........အမေရာ
ဆိုးခိုးတိုက်ခိုက် လူတသိုက်နှင့်
လူမျိုးရေးခြား ဒီလိုကြားမှာ
ကမ်းနားသစ်ပင် သားဖြစ်အင်မို့
ဂရုဏာဒေါသော အပြစ်မမပြောပါနဲ့ ..........အမေရာ
ဒီလိုအခက်အခဲ အကျပ်အတည်းနှင့်
ရင်ဆိုင်နေရ သားတို့ဘဝမှာ
လစာတစ်ခေါက် ပုံမှန်မရောက်လို့
သားအပေါ်စိတ်ထား ပြောင်းမသွားနဲ့ ..........အမေရာ
ဘယ်လိုအခက်အခဲ အကျပ်အတည်းနှင့်
ရင်ဆိုင်ရလည်း တစ်နေ့တစ်ချိန် အမေ့အိမ်
ပြည်တော်ပြန်ဘဝ ရှုတိုင်းလှအောင်
ကြိုးစားအားထုပ် အလုပ်လုပ်နေရတဲ့
အဝေးရောက်သားတို့ရဲ့ ဘဝမှာတော့
အမေဆိုတာ ထိပ်ဆုံးကပါ ..........အမေရာ


* အမေ့ရင်ခွင်မှ အဝေးရောက်သားများရဲ့ ကိုယ်စား ကျွန်တော်
မောင်မောင်မူး မှ ကျေးဇူးရှင် အမေများသို့*



POST BY ဟိန်းမင်းထက်

0 comments: