လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

ခုတ်ပြောင်းရှင်းလင်းကြပါစို့



ဘုရားသာသနာ၊ဓွန့်ရှည်ကြာဖို့
ဘာသာဗုဒ္စ၊ထေဝါဒတို့
ဥာဏစင်ဖြူ၊အယူမစောင်း
ကံလမ်းကြောင်းကို၊မပြောင်းလိုနှင့်
ကြောင်းထိုထိုပြ၊နှစ်ကာလတို့
များစွာကြာရှည်၊အမိုက်ဗွေမှာ
မဂ်ဂေလမ်းပေါ်၊မရောက်လျှော်လျှင်
အကြင်သံသရာ၊သက်ဆိုးကြာလိမ့်
ဥာဏဥာဏ၊သမ္စုဒ္စေတို့
ဟောကြထွေထွေ၊မြတ်ဓမ္မေကို
မတွေစိတ်ကောင်း၊လမ်းကြောင်းအမှန်
အမြင်သန်ဖို့၊ရည်သန်စိတ်ရှည်
ရေးသားပြီတည့်............။
မျက်စိကိုဖွင့်၊နားကိုစွင့်၍
ဥာဏ်နှင့်ချင့်ချိန်၊မဂ်ပုဆိန်ဖြင့်
တတ်ရှိန်ကြာညောင်း၊အယူဟောင်းကို
လမ်းကြောင်းရှင်းလင်းကြပါစို့။ ။
ဆရာတော် အရှင်ဇဝန ဟောကြားတော်မူသောတရား။
လှေခုတ် blog

0 comments: