
ပန်းတွေလဲ .အကြွေစောလို့
စမ်းရေထဲမှာ မျောခဲ့ပြီ
နွေဦးမှာ လေရူးမွှေလို့
သစ်ရွက်တွေလဲ ကြွေခဲ့ရပြီ
ဥဩတွေလဲ ကြင်သူဝေးလို့
လွမ်းတေးတွေလဲ သီဆိုကုန်ပြီ
မင်းအချစ်တွေလဲ အနေဝေးလို့
ရက်စက်ဖို့လဲ ကြံနေပြီ
မင်းကိုချစ်တဲ့ ငါ့နှလုံးသားလဲ
အဆက်အထုံးများလို့ ပျက်သုန်းစလဲပြုနေပြီ
ဥဩလေးမှာ ကြင်သူဝေးလို့
ဖြေစရာလွမ်းတေး ရှိပေမယ့်
ငါ့ဘဝကတော့ ကြင်သူအဝေးမှာ
ရင်ပူဆွေးလို့ လွမ်းတေးကာရန်
ပျောက်ခဲ့ရပြီ.................အချစ်ရယ်
မောင်မောင်မူးရဲ့ရင်တွင်းဖြစ်
0 comments:
Post a Comment